ကျိုက်မရော ၁၀ မတ်
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ဗုဒ္ဓဃောသကျောင်း၌ ကျောင်းသားကျောင်းသူများ မွန်စာပေနှင့် မွန်စကားပြောခြင်းကို ကျွမ်းကျင်စွာ ရေးသားပြောဆို တတ်မြောက်စေရန် ရည်ရွယ်၍ မြို့ရှောင်လမ်းရှိ ဗုဒ္ဓဃောသကျောင်းတိုက်၌ နွေရာသီ မွန်စာပေနှင့် မွန်စကားပြောသင်တန်းကို မတ် ၁၂ ရက်မှစတင်၍ အခမဲ့ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းကို ဖွင့်လှစ်ပေးရခြင်းမှာ ကျိုက်မရောမြို့နယ်သည် မွန်လူမျိုး အများဆုံးနေထိုင်ကြပြီး ကလေးများအတွက် မွန်စာပေသည် အရေးကြီးကြောင်း၊ မွန်စကားပြောနည်းကိုလည်း ငယ်စဉ်မှပင် ကျွမ်းကျင်စွာ ပြောဆိုတတ်ရန် လိုအပ်၍ မွန်ဘာသာကျွမ်းကျင်သည့် ဆရာတော်မှ ဦးဆောင်ကာ မွန်စာပေကျွမ်းကျင်သည့် ဆရာမများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း၊ မည်သူမဆို လာရောက်သင်ယူနိုင်ကြောင်း မွန်စာပေသင်ကြားမှု ကျောင်းတာဝန်ခံ ဆရာတော်ထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)