ကျိုက်မရော    ၈    ဖေဖော်ဝါရီ     

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျိုက်မရောမြို့  ကမ်းနားလမ်းရှိ အတ္တရံမြစ်အတွင်း၌ ကျင်းပပြုလုပ်သည်။ 

 ရှေးဉီးစွာ လှေပြိုင်ပွဲဝင်ကြမည့် ပြိုင်ပွဲဝင် အားကစားသမားများ ကသတ်မှတ်နေရာများတွင် နေရာယူကြပြီး ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဌ ဉီးစောထူးလေးက လှေပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားကာ ပြိင်ပွဲဝင်ရောကိကြမည့်လှေလှော်အဖွဲ့များက  တာလွှတ်မည့်နေရာတွင် အသီးသီးနေရာယူခဲ့ကြပြီးမြို့နယ်လှေပြိုင်ပွဲ ကျင်းပရေး ကော်မတီက အချက်ပြတာလွှတ်ပြီးသည်နှင့် လှေလှော်ပြိုင်ပွဲကိုစတင်ခဲ့သည်။ ယနေ့ကျင်းပပြုလုပ်သော (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဖိတ်ခေါ် လှေလှော်ပြိုင်ပွဲကို ကျိုက်မရောမြို့နယ်အတွင်းရှိ လှေလှော်အသင်း ၆ သင်းနှင့် မုဒုံမြို့နယ်လှေလှော်အသင်း (၂)သင်း စုစုပေါင်းအသင်း(၈)သင်းတို့က အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယခုနှစ်ထူးခြားချက် မှာ အမျိုးသမီး လှေလှော်ပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပပေးခဲ့သဖြင့် အတ္တရံမြစ် ကမ်းနားတစ်လျောက် လှေပြိုင်ပွဲကြည့်ရှုသူ ဒေသခံများနှင့်  ရုံးပိတ်ရက် ဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များပါ လာရောက်အားပေးကြသဖြင့် ကြိတ်ကြိတ် တိုးစည်ကားလျက်ရှိကြောင်းသိရသည်။

 လှေပြိုင်ပွဲတွင် ဆုရရှိမည့် ပြိုင်ပွဲဝင်အသင်းများအား (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့တွင် အခမ်းအနားဖြင့်ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ချိုမြတ်မြတ်ထွေး  (ကျိုက်မရော)