ကျိုက်မရော ၁၀  ဇွန်  

 

မိုးရာသီတွင် အဖြစ်များတတ်သော သွေးလွန်တုပ်ကွေး ရောဂါများ မဖြစ်ပွားစေရန်အတွက် ဖုံးသွန်လဲ စစ်ပြုလုပ်ပေးခြင်းနှင့် ပိုးလောက်လန်းများ သေစေရန် အဘိတ်ဆေး ခတ်ပေးခြင်းများကို ကျိုက်မရောမြို့နယ် ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကျေးဥက္ကဋ္ဌများ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက်က အတ္တရံမြို့သစ်နှင့် အေးသုခရပ်ကွက်ရှိ လူနေအိမ်များဌာနဆိုင်ရာ ရုံးများသို့ သွားရောက်ကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါကွင်းဆင်းဆောင်ရွက်မှုများကို ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင်နှင့် ကျန်းမာရေးဦးစီး ဌာနမှတာဝန်ရှိသူများက နေအိမ်များရှိရေတွင်း ရေ ကန်ရေလှောင်ကန်များထဲသို့ အဘိတ်ဆေးများ ခတ်ပေးခြင်း၊ ဘုရားပန်းအိုးများတွင် ပိုးလောက်လမ်းများ မကျရောက်စေရန် ဖုံးသွန်လဲစစ်ပြုလုပ်ပေးခြင်း အသိပညာပေးခြင်းတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN