mdn

ကျိုက်မရော   အောက်တိုဘာ   ၇

ကျိုက်မရောမြို့နယ်တွင် မြို့မစျေးကြီးအား ခေတ္တပိတ်ထားရာမှ အောက်တိုဘာ ၆ ရက်မှစ၍ အခြေခံ စားသောက်ကုန်နှင့် ဆေးဝါးရောင်းချသည့်ဆိုင်များ၊ စျေးအတွင်းရှိ စားသောက်ကုန်နှင့် အထည်ဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ရောင်းချခွင့် ပြုခဲ့သည်။

အဆိုပါ စျေးအတွင်း သတ်မှတ်စည်းကမ်းချက်များ လိုက်နာခြင်းမရှိပါက ပထမအကြိမ် ၁၀ ရက်၊ ဒုတိယအကြိမ် တစ်လ ဆိုင်ပိတ်ခြင်းခံရမည်ဖြစ်ကြောင်း၊ စျေးအတွင်း နှာခေါင်းစည်း မတပ်ဆင် ထားသူများအနေဖြင့် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)