ကျိုက်မရော    ၁၃     သြဂုတ်   


မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် အတ္တရံမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ  မြို့ပေါ်ရပ်ကွက်များထိ မြစ်ရေများ ဝင်ရောက်လာသဖြင့် ယာယီကယ်ဆယ်ရေးစခန်း ၁၁ ခုထိတိုး၍ ဖွင့်လှစ်ထားရကြောင်း မြို့နယ် ရေဘေးကယ် ဆယ်ရေးအဖွဲ့ကွပ်ကဲမှုရုံး တာဝန်ရှိသူထံမှ သိရသည်။


ကျိုက်မရောမြို့နယ်တွင် သြဂုတ် ၁၃ ရက် နံနက်ပိုင်းမှစ၍ ရေဘေးသင့်အိမ်ခြေ ၈၅၆၈ စုရှိပြီး လူဦးရေ ၄၅၈၃၉ ဦး ရေဘေးနှင့်ကြုံနေရကာ ကယ်ဆယ်ရေးစခန်းများတွင် လူဦးရေ ၂၀ဝ၀ ကျော် လာရောက်လျက်ရှိကြောင်း သိရသည်။


ယခုအချိန်တွင် မြစ်ရေဆက်လက်တိုးနေသဖြင့် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှရေဘေးကယ်ဆယ်ရေးအလှူရှင်များစွာလာရောက် ကူညီလှူဒါန်းလျှက်ရှိရာကျိုက်မရောမြို့အဝင် ထန်းပင်တန်း၌ ရေကျော်နေသဖြင့်အလှူရှင်ကားများသတိထား၍သွားလာကြရန် မီးသတ်တပ်ဖွဲ့များနှင့် ပရဟိတအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
           

ချိုမြတ်မြတ်ထွေး (ကျိုက်မရော )

 

1