ကျိုက်မရော ၂၅ ဇန်နဝါရီ
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ဒေသခံပြည်သူလူထုများနှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက ဖနုံကျေးရွာ အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။ တွေ့ဆုံပွဲတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်းမြင့်နိုင်က ဒေသခံပြည်သူလူထုများနှင့် တွေ့ဆုံပွဲကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆွေးနွေးတင်ပြကြရာ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစောအောင်မြင့်ခိုင်မှ သက်ဆိုင်ရာ ဌာန အကြီးအကဲများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။ ထို့နောက် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးမှ ဒေသခံများ၏ သိလိုသမျှမေးခွန်းများကို ပြန်လည်ဖြေကြားပြီး သက်ဆိုင်ရာဌာနအကြီးအကဲ
များက မိမိတို့ဌာနနှင့်ပါတ်သက်သော ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ယနေ့ပြုလုပ်သော ဒေသခံပြည်သူလူထုတွေ့ဆုံပွဲသို့ ဌာနဆိုင်ရာများ၊ ဖနုံကျေးရွာပြည်သူလူထုများ စုစုပေါင်းအင်အား (၁၅၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)