ကျိုက်မရော      သြဂုတ်   ၂၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းကာမြို့နယ်အတွင်း နေအိမ်ပြင်ပထွက်ခွာရာ၌ မျက်နှာအကာနှာခေါင်းစည်းများ မတပ်ဆင်ဘဲ သွားလာနေသူများအားနှာခေါင်းစည်း mask နှစ်ခုစီပေးဝေခြင်းနှင့် ဒဏ်ငွေကျပ် ၅၀၀စီ ပေးဆောင်စေခြင်းတို့ကိုယနေ့နံနက် ၉ နာရီက ကျိုက်မရော-မုဒုံသွားကားလမ်းပေါ်နှင့် ရွှေဟင်္သာဝိုင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်အမှူဆောင်အရာရှိနှင့် ဝန်ထမ်းများပူးပေါင်းကာ ပြည်သူများအားကိုဗစ် ၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအား ကျယ်ကျယ်ပြန်ပြန့် သိရှိလိုက်နာကြစေရန် လူစည်ကားရာနေရာများတွင် လက်ကိုင်အသံချဲ့စက်များဖြင့် နေ့စဥ်လှည့်လည်၍ နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)

mdn