ကျိုက်မရော ၂၄ နိုဝင်ဘာ

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ကျန်းမာရေး အသိပညာပေးမြှင့်တင်ရေးလုပ်ငန်းအဖြစ် မျက်နှာအကာနှင့် နှာခေါင်းစည်းများ ဝတ်ဆင်ရေးလူထုလှုပ်ရှားမှု mask Csmpaign ကို စတုတ္တမြောက်နေ့အဖြစ် ယနေ့နံနက်ပိုင်းက ရေတွင်းကုန်းကျေးရွာ စျေးနှင့် တော့စတား ဓါတ်ဆီဆိုင်ရှေ့တို့၌ပြုလုပ် ဆောင်ရွက်ခဲကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မျက်နှာအကာအခု ၁၀၀၀နှင့် နှာခေါင်းစည်း အခု၂၀၀၀  တို့အား မြို့အတွင်းသို့ ဝင်ထွက်သွားလာနေကြသည့် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများနှင့် စျေးအတွင်း၌ စျေးရောင်းစျေးဝယ်နေသူများအား မျက်နှာအကာနှင့် နှာခေါင်းစည်းများကို  လူထုလှုပ်ရှားမှုတစ်ခုအဖြစ် စည်းရုံးလှုံဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်းများကို အခမဲ့ပေးဝေခဲ့ကြသည်။

 

အဆိုပါလှုပ်ရှားမှုတွင် ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့် ဦးဆောင်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကျန်းမားရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အဖွဲ့သုံးဖွဲ့ခွဲကာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ချိုမြတ်မြတ်ထွေး (ပြန်/ ဆက်)