ကျိုက်မရော  ၁  ဇန်နဝါရီ  

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မြို့ရွာများခေတ်မီ သန့်ရှင်းသာယာလှပရေးအတွက် နိုင်လွန်ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ကျိုက်မရောမြို့ တိုးဂိတ်ရှေ့မှစ၍ အတ္တရံမြစ်ကမ်းနားလမ်းထိ လမ်းအရှည် ၇ မိုင် ၅ ဖာလုံမှ ၉ မိုင် ၇ ဖာလုံထိ နိုင်လွန်ကတ္တရာ (AC)လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ ယမန်နေ့နံနက်ပိုင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်တို့က လမ်းများအဆင့်မြှင့်တင်နေမှုကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

ကျိုက်မရောမြို့ပေါ်ရှိ နိုင်လွန်ကတ္တရာလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို  ကျိုက်မရောမြို့ ကမ်းနားလမ်းအထိ အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)