ကျိုက်မရော ၂ ဇန်နဝါရီ

 

ကျိုက်မရောမြို့နယ် ကျိုက်ပရန်ကျေးရွာ အရှေ့ဘက်ကုန်း နေအိမ်တွင် လှေကားအဟောင်း ကွန်ကရစ်တုံးအား တွင်းတူးမြှုပ်နှံရန် တူးဖော်နေစဉ် ကွန်ကရစ်တုံး ပြုတ်ကျသွားရာ အလုပ်သမား ၃ ဦးအနက် နှစ်ဦး အချိန်မီ ထွက်ပြေးနိုင်ခဲ့ပြီး ကျန်တစ်ဦးမှာ ကွန်ကရစ်တုံးပိပြီး သေဆုံးခဲ့ကြောင်း သိရသည်။

 

ကွန်ကရစ်တုံးပိ သေဆုံးသည့် အလောင်းကို ထုတ်ယူနိုင်ရန် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ ကွန်ကရစ်တုံးအား ကျောက်ခွဲစက်များဖြင့် ၁ နာရီခွဲကျော်ထိ ကယ်ဆယ်ထုတ်ပေးပြီး သေဆုံးသူ၏အလောင်းကို နယ်မြေရဲစခန်းမှ စစ်ဆေးဆောင်ရွက်ပေးပြီး မော်လမြိုင်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)

 

mdn