ကျို က်မရော ၁၉ နိုဝင် ဘာ
မော်လမြိုင်ခရိုင် ကျိုက်မရော မြို့နယ်တွင် ဝက်သက်- ဂျိုက်သိုး ရောဂါ ကာကွယ် ဆေး အပိုဆောင်းထိုးနှံခြင်း လုပ်ငန်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီက ကျိုက် မရော မြို့ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကျိုက်မရော မြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ကျော်ဝင်းဇော်က မြန်မာနိုင်ငံ အတွင်းရှိ အသက်(၅)နှစ်အောက်ကလေးသေဆုံးမှုကို ထပ်မံလျှော့ချ နိုင်ရန် မြန်မာနိုင်ငံ၌ (၂၀၂၃ )ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကင်းဝေး၍မွေးရာပါ ဂျိုက်သိုးရောဂါ ကင်းစင်ပပျောက်ရေးရရှိ စေရန်ရည်ရွယ်ချက်များ နှင့်အတူ နိုင်ငံတစ်ဝန်းတွင် ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တက်ရောက် လာသည့်ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဆရာ ဆရာမ များအနေဖြင့်လည်း မိမိတို့ ရပ်ကွက် /ကျေးရွာ ဒေသခံပြည်သူများအား မိမိတို့ ရင်သွေးငယ်များအား ကာကွယ်ဆေး ထိုးနှံကြရန် အသိပေး စည်းရုံး ဆောင်ရွက်သွားကြစေလိုကြောင်း၊ ဝက်သက်ရောဂါသည် ဝက်သက်ရောဂါ ဗိုင်းရပ် ပိုးကြောင့် ဖြစ်ပွားပြီး အလွန်ကူးစက်မြန်သော ရောဂါ တစ်မျိုး ဖြစ်ပြီး ဝမ်းပျက်ဝမ်းလျှာ အဆုတ်ရောင် ဦးနှောက်ရောင်နှင့် ပြင်းထန်အဟာရချို့တဲ့ ရောဂါများ ရရှိနိုင်၍ သေဆုံး နိုင်ပါကြောင်း၊ ဒါ့ကြောင့် ဖြစ်ပွားမှ ကုသခြင်းထက်ရောဂါမဖြစ်မီ ကြိုတင်ကုသခြင်းက အထိရောက်ဆုံး ဖြစ်ကြောင်း ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ ဝက်သက် - ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်းလုပ်ငန်းကို လာမည့်နိုဝင်ဘာလ (၂၆- ၂၇- ၂၈ ) ရက်နေ့များ ထိ (၃)ရက် တိုင် နိုင်ငံ တစ် ဝန်းလုံးတစ်ပြိုင် တည်း ထိုးနှံ ပေးသွားဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ဝင်းဇော်ထံမှ သိရသည် ။
ချို မြတ်မြတ်ထွေး ( ကျိုက် မ ရော )


