ကျိုက်မရော ၂၂ နိုဝင်ဘာ
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ကျိုက်ပရန်ကျေးရွာတွင် လျှပ်စစ်မီးဖိုအပူလွန်ကဲရာမှ လူနေအိမ် (၁၁) လုံးမီးဘေးသင့်ခဲ့ရပြီး အိမ်ထောင်းစု (၁၁)စုလူဉီးရေမှကျား (၃၄)ဉီး၊ မ(၃၄)ဉီး စုစုပေါင်း(၇၄)ဉီး အိုးမဲ့အိမ်မဲ့ဖြစ်ကာ ယာယီမီးဘေးကယ်ဆယ်ရေးစခန်း၌ လိုအပ်သည့် အကူအညီများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ အဆိုပါ မီးဘေးသင့်အိမ်ထောင်စုများ အတွက် မော်လမြိုင်မြို့ ဘိုဘိုဝင်း(RESCUE) အရေးပေါ်ကယ်ဆယ်ရေးအဖွဲမှ လူသုံးကုန် ပစ္စည်းများဖြစ်သည့် စောင်ခြင်ထောင်အဝတ်အထည်များနှင့် စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်ဘူးများကို ယမန်နေ့ညနေ၌ ကျိုက်ပရန်ကျေးရွာ ဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် ယာယီကယ်ဆယ်ရေးစခန်းသို့ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက် မရော)


