မော်လမြိုင် ဒီဇင်ဘာ ၄
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ ကျက်သရေဆောင် သွားတော်ဓာတ်နှင့် ဆံတော်ရှင် ကျိုက်သလ္လံ စေတီတော်မြတ်ကြီးသို့ သွားရောက်ပြီး တစ်ပေ ပတ်လည် စကျင်ကျောက်ပြားများ ရင်ပြင်တော်အပြည့် ခင်းကျင်းနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာရှင် လုပ်သား ပြည်သူများက စကျင်ကျောက်ပြားများအား ရင်ပြည်တော်ပေါ်သို့ တင်ဆောင်ကုသိုလ်ပြု လုပ်အားပေးနေမှုကို ကြည့်ရှုအားပေးပြီး စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကန်တော့သည်၊၊
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရင်ပြင်တော်အပြည့် စကျင်ကျောက်ပြား ခင်းကျင်းနိုင်ရေး ကြွေပြားအဟောင်းများ ဖယ်ရှားနေမှု၊ ရေစီးရေလာကောင်းမွန်ရေး၊ ရေနုတ်မြောင်းများ ဖောက်လုပ်နေမှု၊ မိုးတွင်းကာလ ရင်ပြင်တော်ပေါ်တွင် ရေတင်ကျန်မှုမရှိစေရေး ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊
ခရိုင်(ပြန်/ဆက်)