ကျိုက်ထီးရိုး မှာ တပ်ဆင်ထားတဲ့ ကေဘယ်ကား(ကောင်းကင်ကြိုးရထား) စီးသူ တစ်နေ့ထက် တစ်နေ့ များပြား

မော်လမြိုင်မြို့ ၈ ဇန်နဝါရီ

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်နှင့် ရသေ့တောင်စခန်း သို့ ပြေးဆွဲလျက်ရှိသော ကေဘယ်ကား (ကောင်းကင်ကြိုးရထား) စီးသူ ဦးရေ ၆၂၀ဝ၀ ကျော်ရှိကြောင်း Sky Asia ကုမ္ပဏီလီမိတက် အထူးအကြံပေး ဦးမျိုးဝေ က ပြောသည်။

 

“ဒီဇင်ဘာ ၁၉ ရက်နေ့မှ ၃၁ ရက်အတွင်း ကေဘယ်ကားစီးတဲ့ ဘုရားဖူးခရီးသည် ၆၂၀ဝ၀ ကျော်ရှိတယ်၊ အဲဒီအထဲမှာ နိုင်ငံခြားသား ၆၀ဝ ကျော်ပါဝင်တယ်၊ လောလောဆယ်အနေနဲ့ ပြည်တွင်းခရီးသည် တစ်ဦးကို ငွေကျပ် ၃၀ဝ၀ ကျပ်၊ ပြည်ပနိုင်ငံခြားသား တစ်ဦးကို အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ ကောက်ခံပြီး ရဟန်းသံဃာများနဲ့ မယ်သီလရှင်များကို အခမဲ့ တင်ဆောင်ပေးပါတယ် ” လို့ အထူးအကြံပေး ဦးမျိုးဝေက ပြောကြောင်းသိရသည်။

 

ယခုကာလတွင် ရုံးပိတ်ရက်များပြားပြီး ပြည်တွင်း၊ ပြည်ပခရီးသွားလာသူများပြား လာသလို ကေဘယ်ကား စီးနင်းသူလည်း များပြားလျက်ရှိကြောင်း သိရသည်။

 

တင်ထွဋ်(မော်လမြိုင်)