ကျိုက်ထို ၁၆ မတ် 


ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ ကျိုက်ထီးရိုးတောင်တက်စခန်း၌ ဖွင့်လှစ်ထားသည့် နိုင်လင်းကျော် အညာသားလေး ကားအပ်ဝင်းအတွင်း ယနေ့ ညနေ ၅ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။


မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ထွေးနှင့် တပ်ဖွဲ့ဝင်များက  မီးသတ်ယာဉ် (၂)စီး၊ တောင်တက်မော်တော်ယာဉ်အသင်းမှ မီးသတ်ယာဉ်တစ်စီး၊ မိုးမိုး ကတွတ်ယိုမိသားစုမှ ရေသယ်ယာဉ်တစ်စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့သည်။ 


မီးလောင်မှုကြောင့် ဆောက်လုပ်ထားသည့် ဝါးခင်းထရံကာ တောင်ထန်းမိုး အခန်း(၇)ခန်း မီးလောင်ခဲ့ပြီး အပ်နှံထားသည့် မော်တော်ယာဉ်(၈)စီးမှာ ဦးခေါင်းပိုင်း မီးဟပ်မှုခံခဲ့ရကြောင်း သိရသည်။


ဝင်းမောင်(ကျိုက်ထို)