ကျိုက်ထိုမြို့၌ မွေးကင်းစမှ အသက်(၂)နှစ် အောက်ကလေးနှင့်ကိုယ်ဝန်ဆောင်မိခင်များ အားပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ကျိုက်ထို  စက်တင်ဘာ ၂

   

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၂ ရက် နံနက် (၁၀)နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ ဖွင့်လှစ်ထားသည့် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့သည်။

   

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ကျိုက်ထိုမြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်ရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့ ၊ ကြက်ညှာ ၊ မေးခိုင် ၊ အသည်းရောင် အသားဝါ(ဘီ)ပိုး ၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ် ဆေးထိုးနှံပေးခြင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (Rota) ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ကို‌ဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလမ်းညွှန်ချက်များ နှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

          

ပြန်/ဆက်(ကျိုက်ထို)