ကျိုက်ထိုမြို့နယ်၌ ကလေးအလုပ်သမား ပပျောက်ရေးခေါင်းစဉ်ဖြင့် စကားဝိုင်းပြုလုပ်

ကျိုက်ထို  ၁  ဒီဇင်ဘာ 

ကလေးအလုပ်သမား ပပျောက်ရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျိုက်ထိုမြို့နယ် အ.ထ.က ကင်မွန်ချောင်းကျောင်း၌ ပြုလုပ်ခဲ့သည်။

 

3643

 

ပြည်သူ့စကားဝိုင်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်းက အမှာစကားပြောကြားပြီး သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်လေး‌နွယ်က ပြည်သူ့စကားဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။

 

5921

 

အဆိုပါ စကားဝိုင်းတွင် မည်သည့်အလုပ်မျိုးကိုမဆို  အသက်(၁၄)နှစ်အောက် ကလေးများအား လုပ်ကိုင်ခွင့်မပြုရန် ဥပဒေများက တင်းကြပ်စွာ တားမြစ်ထားကြောင်း လုပ်ငန်းရှင်များအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ မူဝါဒများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ကျောင်းသား ကျောင်းသူများက မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

 

4317

 

အဆိုပါ ပြည်သူ့စကားဝိုင်းကို ကျိုက်ထိုမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ်သည်။

ဝင်းမောင်(ကျိုက်ထို)