ကျိုက်ထို ဇူလိုင် ၂၆

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက Biometric Data အချက်အလက်စာရင်း ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ကျိုက်ထိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက Biometric Data အချက်အလက်စာရင်း ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းကို  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များကို ဇွန် ၂၈ ရက်မှ စတင်ကောက်ယူခဲ့ရာ ဇူလိုင် ၂၅ ရက်အထိ ပြည်သူ ၈၃၂ ဦးကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။

 

ဝင်းမောင်(ကျိုက်ထို)