ကျိုက်ထို ၂၄   အောက်တိုဘာ

 

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ သုံးခွကျေးရွာ ဓမ္မဒူတိုက် ကျောင်းတိုက်နေသံဃာတော်နှင့် သာမဏေ (၆၁) ပါးတို့မှာအောက်တိုဘာ ၂၀ ရက် ညနေပိုင်းတွင် အစာအဆိပ်သင့်မူးဝေ အော့အန်ဝမ်းသွားခဲ့၍ သိမ်ဇရပ်မြို့ တိုက်နယ်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူခဲ့ရာ အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီတွင်မြို့နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာစောကလျာ တိုက်နယ်‌ဆရာဝန်ကြီး ဒေါက်တာ ဇော်သက်ဦး တို့က အစာအဆိပ်သင့်၍ တက်ရောက်ကုသနေသည့် သံဃာတော်များအနက်(၃၂)ပါးတို့၏ ကျန်းမာရေးအခြေအနေမှာ ‌ကောင်းမွန်လာသည့်အတွက် တိုက်‌နယ်‌ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ကျန်ရှိသံဃာတော်များအား ဆေးဝါးကုသ၍ စောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

 

ဝင်းမောင်(ကျိုက်ထို)