ကျိုက်ထို ၉ ဇူလိုင်

 

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈ )ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ် သာသနာ့ဗိမာန်၌ပြုလုပ်ခဲ့သည်။

 

ဆွေးနွေးပွဲတွင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်က ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကိုအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင် အဖွဲ့ဝင်များ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲဝင်များမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက် ပေးကြရန်ပြောကြားပြီးမြို့နယ် ရွေးကောက်ပွဲပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ငွေက ကျိုက်ထိုမြို့နယ်အတွင်းအသက် (၁၈) နှစ်ပြည့်လူဦးရေ( ၁၂၀ဝ၀ဝ)ခန့်ကို ကောက်ယူရရှိထားသော်လည်း ယခုကြားကာလတွင် ဖွား/သေ စာရင်းများရှိနိုင်၍အိမ်ထောင်စုအလိုက် တိကျခိုင်မာသည့် စာရင်းရရှိနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ပေးကြပါရန် ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဒေါ်သိမ့်သိမ့်သူက အသက် ၁၈ နှစ်ပြည့်ပြီး သူများစာရင်း မကျန်ရလေအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် လူဦးရေစာရင်းမှန်ကို သတ်မှတ်ရက်များတွင် ကြေညာပေးနိုင်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်တို့ကိုပြောကြားခဲ့သည်။

 

ဆက်လက်၍ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၏ မေးမြန်းချက်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

 

ဝင်းမောင်(ကျိုက်ထို)