ကျိုက်ထို၊     ၁၀     ဒီဇင်ဘာ

 

ကျိုက်ထိုမြို့နယ်တွင် ဒေါ်ခင်ကြည်‌ဖောင်ဒေးရှင်း‌မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုသည့် ပစ္စည်းများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီသို့ ပေးအပ် လှူဒါန်းပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီခွဲက ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်နှင့် အမျိုးသားလွှတ်‌တော် ကိုယ်စား လှယ် ဦးလှမြင့်သန်းတို့က ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အမှာစကားများ အသီးသီးပြောကြားကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့က ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ လှူဒါန်းသော PPE ဝတ်စုံ အထည်(၃၀)၊ Surgical Gown အထည်(၁၀၀)၊ Surgical Mask ခုရေ (၂၀၀၀)၊ Face Shield ၃၀၀)၊ ရေမလိုလက်သန့်ဆေးရည်(၅၀၀)မီလီပါ ဘူး(၂၀) ၊ လက်အိတ်(၁၀၀)ပါ (၁၀)ဘူး၊ Plastic Apron (၁၀၀)ပါ (၅)ထုပ်၊ ခေါင်းစွပ်(၁၀၀)ပါ (၅)ဘူး၊  ပိုးသတ်ဆေး(၁၈)လီတာပါ (၂)ပုံး၊ ကလိုရင်း ပိုးသတ်ဆေး(၁၈)လီတာပါ (၅)ပုံး၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၇၁၉,၀၄၆)ခန့်အား မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


ဝင်းမောင်(ကျိုက်ထို)