ကျိုက်ထို၊ ၂၇ ဇန်နဝါရီ၊

သထုံခရိုင်ခရိုင်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၈ နာရီမှ စတင်၍ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျိုက်ထိုမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ‌ စောကလျာနှင့် ကျန်းမာရေးဝန်ထမ်း (၂၁၂ )ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ (၄)ဦး၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၃ )ဦးတို့အား ဇန်နဝါရီ ၂၇ နှင့် ၂၈ ရက်တို့တွင်  ထိုးနှံပေးသွားမည်ဖြစ်သည်။

အသက်၁၈နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေး​ရေးအတွက် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ ဦးဆောင်၍ လူဦး​ရေစာရင်း​ကောက်ယူကာ  ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးထိုးနှံနိုင်​ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ​ ဆက်လက်ဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်း မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနမှူး ​ဒေါက်တာ ​စောကလျာထံမှ သိရသည်။

သန်းသန်းမော်(ကျိုက်ထို)