ကျိုက်ထို ၇ ဇွန်
ကျိုက်ထိုမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီနှင့် လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီတွင် ပြည်သူ့ဈေးရှေ့၌ နှာခေါင်းစည်း(mask) များကို အခမဲ့ ဖြန့်ဝေကာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သည်။
ထိုသို့ အသိပညာပေးရာတွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာရာ၌ နှာခေါင်းစည်း(mask) တပ်ဆင်ခြင်းကို ဇွန် ၁ ရက်နေ့မှ ဇွန် ၇ ရက်နေ့ထိ အသိပညာပေးကာလအဖြစ် ဆောင်ရွက်ပြီး ဇွန်လ ၈ ရက်နေ့မှစတင်ကာ နှာခေါင်းစည်း(mask) တပ်ဆင်ခြင်းမရှိဘဲ သွားလာပါက ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သန်းသန်းမော်(ပြန်/ဆက်)


