ကျိုက်ထို  ၂၄  ဇူလိုင်

 

ကျိုက်ထိုမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ရှာဖွေ ကယ်ဆယ်ရေး စက်လှေများ စမ်းသပ်မောင်းနှင်ခြင်းနှင့် ရေပြင်အသက်ကယ်သရုပ်ပြလေ့ကျင့်မှုကို ကျိုက်ထိုမြို့နယ် မီးသတ်တပ်ဖွဲ့ မှ ဇူလိုင် ၂၄ ရက် နံနက် ၉ နာရီက မြောက်ပိုင်းရပ်ကွက် ကဒတ်ချောင်း ရေထိန်းတံခါး၌ ပြုလုပ်ခဲ့သည်။

 

ယင်းသို့ပြုလုပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး(ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟ အောင်က ကျိုက်ထိုမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးနှင့် ဘေးအန္တရာယ် ကျရောက်လာပါက လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်မည့်အစီအမံများကိုလည်းကောင်း၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးတင်ထွေးက ဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေး ကယ်ဆယ်ရေးပစ္စည်းများ ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းနောက် မီးသတ်တပ်ဖွဲ့၀င်များ၊ လူမှုကူညီရေးအသင်း၀င်များက ရေပြင်သက်ကယ်ရေး၊ ရှာဖွေ ကယ်ဆယ်ရေး၊ ရေကူးကျွမ်းကျင်ရေးတို့ကို သရုပ်ပြသခဲ့ကြောင်း သိရသည်။

 

ဝင်းမောင်(ကျိုက်ထို)