ကျိုက်ထို ၈ ဇွန်
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျိုက်ထိုမြို့နယ်၌ စာစစ်ဌာန (၇)ခုဖွင့်လှစ်၍ စစ်ဆေးခဲ့ရာ ဝင်ရောက်ဖြေဆိုသူပေါင်း ၃၁၅၅ ဦးရှိပြီး အခြေခံပညာ ဦးစီးဌာနမြို့နယ်ပညာရေးမှူးရုံးမှ အောင်မြင်သူစာရင်းကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည်။
အဆိုပါစာရင်းထုတ်ပြန်ရာတွင် အောင်မြင်သူ ၁၀၄၃ ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း အနေဖြင့် ၃၃.ဝ၆ ရာခိုင်နှုန်းဖြစ်ပြီး ဂုဏ်ထူးဖြင့် အောင်မြင်သူ ၁၃၈ ဦးဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)
