ကျိုက်ထို  ၁၅  အောက်တိုဘာ

 

ကျိုက်ထိုမြို့နယ်၌ ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်ရေးအတွက် အလှူငွေ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အလှူငွေပေးအပ်ပွဲတွင် CB ဘဏ်မှ ငွေကျပ် တစ်သိန်း၊ ဧရာဝတီဘဏ်မှ ငွေကျပ် တစ်သိန်း၊ ကျိုက်ထိုမြို့နယ် စုပေါင်းရှင်သန်အဖွဲ့မှ ငွေကျပ် တစ်သိန်း၊ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ငွေကျပ် တစ်သိန်းနှင့် ဗမာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ငွေကျပ်တစ်သိန်းတို့ကို ပေးအပ်လှူဒါန်းရာ ရန်ပုံငွေရှာဖွေရေး ဥက္ကဋ္ဌ ဦးစံမြနှင့် အတွင်းရေးမှူး ဦးတင်မောင်လွင်တို့က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်လေးနွယ် က ကလေးစာပေပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး မြို့နယ် စာကြည့်တိုက်များကွန်ရက် နာယက ဦးဝမ်ကြည် က ကလေးစာပေပွဲတော် ကျင်းပရာ၌ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကာ ရန်ပုံငွေရှာဖွေရေးကော်မတီ ဥက္ကဋ္ဌ ဦးစံမြ က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

ဝင်းမောင်(ကျိုက်ထို)