ကိုလက်စထရောများခြင်းကို စောစောကုသရင် နှလုံးရောဂါ ဖြစ်ပွားနှုန်း လျော့နည်းနိုင်ကြောင်း လေ့လာတွေ့ရှိ

၄ ဒီဇင်ဘာ

 

ကိုလက်စထရောများနေတဲ့ လူငယ်တွေကို ကိုလက်စထရော လျော့ချခြင်းဟာ အသက်ကြီးလာချိန်တွင် နှလုံးရောဂါနဲ့ လေဖြန်းခြင်းကို လျော့ချပေးကြောင်း ဒီကနေ့ထုတ်ဝေတဲ့ ကျန်းမာရေးဂျာနယ် The Lancet မှာ ရေးသားထားပါတယ်။

 

ဒီသုတေသနပြုလုပ်ရန် လူနာပေါင်း ၄၀ဝ,ဝ၀ဝ ခန့်ကို နှစ်ပေါင်း ၄၀ ကျော်ကြာ လေ့လာခဲ့ရာ ကိုလက်စထရောနဲ့ ကျန်းမာရေးမကောင်းခြင်း ဆက်စပ်မှုဟာ အထူးသဖြင့် အသက် ၄၅ နှစ်အောက် တွေမှာ သိပ်အရေးကြီးကြောင်း ဖော်ပြထားပါတယ်။

 

ကိုလက်စထရောများပြီး အဝလွန်ခြင်း သို့မဟုတ် ဆေးလိပ်သောက်တဲ့ အသက် ၄၅ နှစ်အောက် အမျိုးသား ၂၉ ရာခိုင်နှုန်းဟာ အသက် ၇၅ နှစ်မှာ အသက်အန္တရာယ် စိုးရိမ်နိုင်သော နှလုံးရောဂါ (သို့မဟုတ်) မစိုးရိမ်ရသော နှလုံးရောဂါ (သို့မဟုတ်) လေဖြန်းခြင်းကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမျိုးသမီးများမှာတော့ ၁၆ ရာခိုင်နှုန်းသာ ဖြစ်ပွားနိုင်ကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP