၁၃ ဇန်နဝါရီ
ကိုလံဘီယာနိုင်ငံ အတ်လန်တီကိုမြောက်ပိုင်း ဒေသမြို့တော် ဘာရန်ကီလာတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၁၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု မြို့တော်ဝန် ဂျေးမီပူမာရီဂျိုက ယမန်နေ့က ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီးနောက် မြို့တော်ဝန်က ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဖမ်းဆီးရန်သတင်းပေးနိုင်သူကို ပီဆိုသန်း၂၀ ဆုငွေချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထိုတိုက်ခိုက်မှုသည် မြို့တော်ရှိ စီးပွားရေးသမားများထံမှ ခြိမ်းခြောက်ငွေညှစ်သည့် ဉပဒေချိုးဖောက်သေ ာအဖွဲ့အစည်းတစ်ခုက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ကနဦး အစီရင်ခံစာများအရ သိရသည်။
မြို့တော်ဝန်က ထိုဒေသရှိ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် တည်ငြိမ်အေးဆေးစွာ နေထိုင်ရန်နှင့် ယင်းကဲ့သို့ ခြိမ်းခြောက် ငွေညှစ်ခြင်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားခြင်း မရှိစေရန် ရဲတပ်ဖွဲ့က အားဖြည့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။
၎င်းပေါက်ကွဲမှုတွင် ဒဏ်ရာအနည်းငယ်ရရှိသူ တစ်ဦးအပါအဝင် ဒဏ်ရာရသူ ၁၄ ဦးသည် ဒေသန္တရ ဆေးရုံများတွင် ဆေးကုသမှု ခံယူနေကြောင်းနှင့် အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သတင်းထုတ်ပြန်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို