၁၈ ဩဂုတ်

 

 

ကိုလံဘီယာ နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါထပ်မံ ကူးစက်ခံရသူ ၈၃၂၈ ဦးနှင့် ၂၇၅ ဦး ထပ်မံ သေဆုံးခဲ့သည်။

 

 

နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၇၆၆၆၀ ရှိပြီး သေဆုံးသူပေါင်း ၁၅၃၇၂ ဦး ရှိကြောင်း ကိုလံဘီယာ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကာကွယ်ရေး ဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။

 

 

အဆိုပါ ရောဂါကူးစက်ခံရမှုမှ ယခုအချိန်ထိ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၃၀၁၅၂၅ ဦး ရှိကြောင်း ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

ကိုလံဘီယာသမ္မတ  အိုင်ဗန်ဒူးက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သီးခြားနေထိုင်ရေး မလုပ်မနေရ စည်းမျဉ်းစည်းကမ်းကို ဩဂုတ်လ ၃၀ ရက်နေ့အထိ တိုးမြှင့်ခဲ့ကြောင်း ဇူလိုင်လကုန်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

 

 

ကိုဗစ်-၁၉ ရောဂါထပ်မံ ကူးစက်မှု မရှိသည့် ဒေသများတွင် စီးပွားရေး လုပ်ငန်းများကို တဖြည်းဖြည်း ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

 117386996_3680