၁၆ စက်တင်ဘာ
ကိုလံဘီယာ အနောက်တောင်ဘက် ပိုပါယန်မြို့ရှိ လူနေရပ်ကွက်တစ်ခုတွင် ယမန်နေ့က လေယာဉ်ငယ်တစ်စီးပျက်ကျခဲ့သဖြင့် လူခုနှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။
ပါယန်မှ ပျံတက်လျှင်ပျံတက်ခြင်း ထရန်စပစီဖီကို လေကြောင်းလိုင်း ပိုင်ဆိုင်သော ယင်းလေယာဉ်ငယ် တစ်စီး ပျက်ကျခဲ့ကြောင်း ကိုလံဘီယာ အရပ်ဘက်လေကြောင်း အေဂျင်စီက ထိုကြေညာတွင် ဖော်ပြထားသည်။
ပဏာမ အစီရင်ခံစာ အဆိုများအရ ၎င်းလေယာဉ်သည် ပိုပါယန်မှ ကူကာရှိ အခြားမြို့ဖြစ်သည့် လိုပက်ဇ်ဒီမီကေသို့ ဦးတည်ပျံသန်းသည့် အင်ဂျင်နှစ်လုံးတပ် ပီအေ ၃၁-၃၅၀ ဖြစ်ပြီး ဒေသစံတော်ချိန် ၂ နာရီ တွင် စက်ချို့ယွင်းပြီး ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို