ကိုလံဘီယာနိုင်ငံ၌ စစ်ဘက်ဆိုင်ရာရဟတ်ယာဉ်ပျက်ကျမှုကြောင့် လေးဦးသေဆုံး

မတ် ၂၀

ကိုလံဘီယာနိုင်ငံအနောက်ပိုင်းချိုကိုဒေသရှိကွစ်ဒိုမြို့တော်တွင် ယမန်နေ့က စစ်ဘက်ဆိုင်ရာရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့သဖြင့် စစ်သားလေးဦးသေဆုံးကြောင်း သမ္မတ ဂတ်စတာဗိုပက်ထရိုက ပြောကြားသည်။

အဆိုပါရဟတ်ယာဉ်ပျက်ကျမှုတွင် ရဟတ်ယာဉ်ပေါ်ပါသူအားလုံးသေဆုံးခဲ့ကြောင်းနှင့် သေဆုံးသူများ၏မိသားစုဝင်များအား သမ္မတ ပက်ထရိုက မိသားစုနှင့်ထပ်တူထပ်မျှဝမ်းနည်းရပါကြောင်း လူမှုမီဒီယာတွင် ပြောကြားသည်။

ထိုရဟတ်ယာဉ်သည် ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်ရန်ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

နိုင်ငံအနောက်ပိုင်းချိုကိုဒေသအကြီးအကဲ ဖာလင်ပါရာက ယင်းရဟတ်ယာဉ်မတော်တဆမှု ဖြစ်ပွားသည့်အကြောင်းရင်းကို သိရှိရန် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို