မတ် ၃၁

 

ကိုလံဘီယာနိုင်ငံတွင် မက်ဒဲလင်းမြို့အနီး လေဆိပ်တစ်ခုတွင် လေယာဉ်အရေးပေါ်ဆင်းသက်ခဲ့ရပြီးနောက် လေကြောင်းခရီးစဉ် ၁၃၆ ခုဖျက်သိမ်းခဲ့ရကာ ခရီးသည် ၂၁၀၀၀ ကျော် ထိခိုက်နစ်နာခဲ့ရကြောင်း မြို့ပြလေကြောင်းညွှန်ကြားရေးမှူး ဂျဲအိုလန်ဒိုဖာဂျာဒိုက ယမန်နေ့ကပြောကြားသည်။

 

လတ်တမ်လေကြောင်းလိုင်းအဲဘတ်စ် အေ ၃၂၀-၂၀၀ သည် အင်္ဂါနေ့မွန်းလွဲပိုင်းက ပျံသန်းပြီးမကြာမီ ရှေ့လေယာဉ် ဘီးအုံပြုတ်ကျသွားသဖြင့် ရီယိုနီဂျရိုမြို့ရှိ ဂျို့မာရီရာကော်ဒိုဗာနိုင်ငံတကာလေဆိပ်တွင် အရေးပေါ်ဆင်းသက်ရန် ထိုလေယာဉ်ကို နောက်ပြန်လှည့်ခဲ့သည်ဟု သိရသည်။

 

အဆိုပါလေယာဉ်အရေးပေါ်ဆင်းသက်နေစဉ်အတွင်း ထိခိုက်ဒဏ်ရာသူမရှိကြောင်း ဖော်ပြထားသည်။

 

အခြားသောလေဆိပ်များအထူးသဖြင့်ဘိုဂိုတာ၏အယ်ဒိုရာဒိုနိုင်ငံတကာလေဆိပ်တွင်လေကြောင်းလိုင်းများ နှောင့်နှေးခြင်း နှင့်ဖျက်သိမ်းခြင်းတို့ဖြစ်စေခဲ့ပြီးရီယိုနီဂျရိုမြို့သို့အသွားအပြန်လေယာဉ်ခရီးစဉ်များကို၁၂နာရီကျော်အကြာ ဖျက်သိမ်းခဲ့သည်။

 

ထိုလေယာဉ်အရေးပေါ်ဖြစ်ခဲ့ရသည့်အကြောင်းရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေသည်ဟု ဖာဂျာဒိုက ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို