၃၁ ဩဂုတ်

 

 

ကိုလံဘီယာနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၀၂၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၆၀၇၉၃၈ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးနှင့် လူမှုကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

 

ယမန်နေ့က ရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၃၀ဝ ရှိပြီး သေဆုံးသူပေါင်း ၁၉၃၆၄ ဦး အထိ ရှိလာသည်။

 

 

သမ္မတ အီဗန်ဒူးက နိုင်ငံတစ်ဝန်းတွင် စီးပွားရေး လုပ်ငန်းများ ပြန်လည် သက်ဝင်လာစေရန် အဝင်အထွက် ကန့်သတ်ခြင်းဆိုင်ရာ အစီအမံများကို အင်္ဂါနေ့တွင် ရုပ်သိမ်းမည်ဖြစ်ရာ ပြည်သူများ အနေဖြင့် ခပ်ခွာခွာ နေထိုင်ကြရန်နှင့် နေအိမ်မှာပင် နေထိုင်ကြရန် စသည့် အကြံပြုချက်များကို လိုက်နာကြရန် ပြောကြားထားသည်။

 

 

သမ္မတက စက်တင်ဘာလမှ စတင်ကာ အဝင်အထွက် ကန့်သတ်ချက်များကို ဖြေလျှော့ပေးတော့မည် ဖြစ်ကြောင်း အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို