၇  အောက်တိုဘာ

ပြင်သစ်နည်းပြ ဒီဒီယာဒက်ချွမ့်စ်က  ဘာစီလိုနာနည်းပြသစ် ကိုးမန်းကစားခိုင်းတဲ့ နေရာသစ်ကြောင့် သူ့တပည့် ပြင်သစ်လက်ရွေးစင် ဂရစ်ဇ်မန်းကို မပျော်မရွှင်ဖြစ်စေတယ်လို့  ထုတ်ဖော်ပြောကြား လာပါတယ်။ အသက် (၂၉)နှစ်အရွယ် ဂရစ်ဇ်မန်းဟာ လာလီဂါသုံးပွဲစလုံး ဝင်ရောက် ကစားခွင့် ရခဲ့ပေမယ့် ညာတောင်ပံတိုက်စစ်နေရာမှာ ကစားခဲ့ရတာဖြစ်ပြီး သူ အကောင်းဆုံး ကစားနိုင်တဲ့ နောက်ချန်တိုက်စစ်မှူးနေရာမှာ ကော်တင်ဟိုကို ကိုးမန်းက အသုံးပြုနေတာ ဖြစ်ပါတယ်။

 

ဒက်ချွမ့်စ်က  လက်ရွေးစင်ကစားသမားတွေကို ကလပ်အသင်းနည်းပြတွေက သူတို့စိတ်ကြိုက်နေရာမှာ ကစားစေမှာဖြစ်လို့ သူ့အနေနဲ့ စွက်ဖက်ခွင့်စရာ အကြောင်းမရှိပေမယ့်  နောက်ချန်တိုက်စစ် ကစားသမားအဖြစ် ဂရစ်ဇ်မန်းကိုထားပြီး ကစားခိုင်းတဲ့အခါ ပြင်သစ်အသင်းအတွက် ရလဒ်ပိုင်း ပိုမိုကောင်းမွန်လာတာကို တွေ့ရကြောင်း ဆိုပါတယ်။

မေလဲ့သင်း