ကျိုင်းလပ်   အောက်တိုဘာ   ၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ မိုင်းပါလျှိုးအုပ်စု၊ ဝမ်လန်းကျေးရွာ၌ စိုက်ပျိုးထားသော မိုးစပါးဆင်းဧကရီ (Raised Bed) စံပြကွက်များ အထွက်နှုန်း မှန်ကန်စေရန် စပါးစံကွက် ရိတ်သိမ်းခြင်းကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

ရိတ်သိမ်းရာတွင် မိုင်းပါလျှိုးအုပ်စု၊ ဝမ်လန်းကျေးရွာအတွင်း စိုက်ပျိုးထားသော မိုးစပါးဆင်းဧကရီ (Raised Bed) စံပြကွက်များအား အထွက်နှုန်း မှန်ကန်စေရန် စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးစိုးမင်းအောင်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့ဦးစီးမှူး ဦးမျိုးသန့်နှင့် ဝန်ထမ်းများ၊ ရပ်/ကျေး လယ်စီအဖွဲ့များ ပူးပေါင်း၍ မိုးစပါး စံကွက်ရိတ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကျော်ဇေယျာလင်း(ပြန်/ဆက်)              

 

mdn