ကျိုင်းလပ်  ၂၃  ဧပြီ     

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ယမန်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်မှ ၄နာရီ ၁၅ မိနစ်အထိ လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

27330

 

အဆိုပါ လေပြင်းတိုက်ခိုက်မှုကြောင့် ကျိုင်းလပ်မြို့၊ ကျခမ်းကျောက် ကျေးရွာအုပ်စု၊ နမ့်ဆီး (အပေါ်) ရွာရှိ နေအိမ် ၁၀လုံး နှင့် နမ့်ငေါ့ကျေးရွာရှိ နေအိမ် ၁ လုံး၊ စုစုပေါင်း နေအိမ် ၁၁ လုံး ထိခိုက်ပျက်စီးခဲ့ပြီး၊ လူအသေအပျောက်များ မရှိသော်လည်း သက်ကယ်၊ သွပ်မိုး၊ ပျဉ်ထောင်အိမ်များ၊ ပြိုကျပျက်စီးခြင်းနှင့် အိမ်အမိုးများ လန်ထွက်ခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

           

ကျော်ဇေယျာလင်း (ပြန်/ဆက်)