ကျိုင်းလပ် ၈ နိုဝင်ဘာ   

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင်  ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီ အချိန်ကစတင်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုမှ မဲရုံများဖွင့်လှစ်ပြီး ပြည်သူများ ဆန္ဒမဲပေးနေကြပြီကြောင်း သိရသည်။

 

ဆန္ဒမဲလာရောက်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မဲရုံအဝင်ဝ၌ ကိုယ်အပူချိန် တိုင်းပေးခြင်း၊ လက်သန့်ဆေးကြောပေးခြင်း၊ လက်သန့်ဆေးရည် (Hand Gel)ဖြင့် နှာခေါင်းစည်း (Mask) တပ်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးဖြင့် တန်းစီစေခြင်းနှင့် မဲဆန္ဒရှင်ပြည်သူများ စိတ်ချလုံခြုံစွာ စနစ်တကျဆန္ဒမဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

 

ကျိုင်းလပ်မြို့တွင် အထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း ၅ ရုံဖြင့် ကျင်းပပြီး အမှတ် (၂၊ ၃) ရပ်ကွက်တွင် မဲဆန္ဒရှင်ပြည်သူပေါင်း ၂၄၅၈ ဦးရှိကြောင်း သက်ဆိုင်ရာမဲရုံမှူးထံမှ သိရသည်။

ဖြူဖြူဝင်း (ပြန်/ဆက်)