နေပြည်တော် ၂၇ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဆင်ရွာကျေးရွာ အရှေ့ဘက် ကိုင်းတောအတွင်းတွင် ဧရာဝတီလင်းပိုင်သေတစ်ကောင်ကို ဇန်နဝါရီ ၂၆ ရက်က တွေ့ရှိခဲ့ကြောင်း WCS Myanmar မှ သိရသည်။
လင်းပိုင်မှာ အလျား ၆ ပေ၊ ၆ လက်မရှိပြီး အထီးဖြစ်ကြောင်း၊ တွေ့ရှိချိန်တွင် ကိုယ်ပေါ်၌ ရေညှိများ တက်နေပြီး ဒဏ်ရာများ မတွေ့ရှိရကြောင်း၊ သေဆုံးချိန်မှာ ၁၀ ရက်ခန့်ရှိပြီဟု ခန့်မှန်းထားပြီး ရှော့တိုက်ငါးဖမ်းဆီးမှုများ၏ ရှော့မိ၍ သေဆုံးသွားခြင်းဟု လင်းပိုင်ထိန်းသိမ်းရေးသမားများက ယူဆထားကြောင်း၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဒေသခံများ၊ ပြည်သူများကလည်း အားလုံးပူးပေါင်းပါဝင် ထိန်းသိမ်းမှ အောင်မြင်မည်ဖြစ်ကြောင်း WCS Myanmar မှ တိုက်တွန်းနှိုးဆော်ထားသည်။
MDN