မိုးနဲ ၂၃ ဒီဇင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့၌ ယနေ့ နံနက် ၉ နာရီက ကျိုင်းတောင်းနယ်မြေ စခန်းမှူးနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ မြို့အတွင်းရှိလမ်းဆုံလမ်းခွ နေရာများ၊ လူစည်ကားသည့် နေရာများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်းကို ဒေသခံပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး၊ ယာဉ်များ လမ်းစည်းကမ်းအတိုင်း စနစ်တကျ မောင်းနှင်စေရေးနှင့် လမ်းစည်းကမ်းအတိုင်း စနစ်တကျ လိုက်နာခြင်းမရှိဘဲ မောင်းနှင်သည့်အတွက် မလိုလာအပ်သော ယာဉ်တိုက်မှု ပြဿနာများ ဖြစ်ပေါ်စေနိင်သဖြင့် အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)