ပုလဲ ၂၉ စက်တင်ဘာ

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကိုင်းတွင်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ (၁၉)ကြိမ်မြောက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

 

 

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ (ကိုယ်စား) မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဌေးကအမှာစကား  ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး  ဦးဝင်းရွှေက ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

 

 

ဆက်လက်၍ ကိုင်းတွင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)  ကျောင်းအုပ်ဆရာကြီး ဦးဝင်းလှိုင်က ထူးချွန်ကျောင်းသား၊  ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ  ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး လှော်ကားကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာန လက်ထောက်ကျန်းမာရေးမှူး ဦးဝင်းညွန့်က ကျောင်းကျန်းမာရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် သတိပြုလိုက်နာရမည့်  အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

 

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဝင်းရွှေက အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) အတွက် ကွန်ပျုတာနှင့် ဆက်စပ်ပစ္စည်းများ၊ အားကစားဝတ်စုံများ၊ ရေစင်တည်ဆောက်နိုင်ရေးအတွက် ငေွကျပ်၈သိန်းလှူဒါန်းသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျေးရွာတာဝန်ခံ ဦးတင်နုက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။

 

 

MDN