မိုင်းခုတ်  ၄  ဩဂုတ်     

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ယမန်နေ့ညက မိုးသည်းထန်စွာရွာသွန်းပြီး ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ်ကားလမ်း မိုင်းခုတ်မြို့နှင့်ရှုခင်းသာ(၁)ရွာကြား ကားလမ်းမပါ်သို့ အချင်းနှစ် ပေခန့်ရှိ ဒေသအခေါ် စက္ကူသစ်ပင်ပြိုလဲ၍ လမ်းပိတ်ဆို့မှု ခေတ္တဖြစ်ပေါ်ခဲ့‌ကြောင်း သိရသည်။

 

အဆိုပါ လမ်းပိတ်ဆို့နေမှုကို  မိုင်းခုတ်မြို့မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးသက်လွင်ဇော် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက ခရီးသွားပြည်သူများ လိုရာ ခရီးအချိန်မီ သွားရာက်နိုင်‌ရေး၊ ကားလမ်းမ အချိန်ကြာမြင့်စွာ ပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ ယာဉ်ကြီး၊ ယာဉ်ငယ်များ အလွယ်တကူသွားလာနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက  သွားရောက် ရှင်းလင်းပေးခဲ့သဖြင့် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနေကြပြီဖြစ်ကြောင်း သိရသည်၊

 

 ဆလိုင်းနိုင်းခွီရှိန်း(ပြန်/ဆက်)