ကျိုင်းတုံ မေ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းလားလမ်း၊ နောင်ငင်းကျေးရွာအနီး၊ မိုင်တိုင်အမှတ် (၆/၇) ကီလိုမီတာကြားတွင် မေ ၁ ရက် နံနက် ၈ နာရီခွဲခန့်က ခရီးသည်တင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုင်းလားဘက်မှ ကျိုင်းတုံဘက်သို့ ယာဉ်မောင်း ဇော်ဇော်အောင် (၂၈)နှစ် မောင်းနှင်သည့် MDY-7M/----- HYUNDAI အမျိုးအစား ခရီသည်တင်ဆောင်လာသည့် မော်တော်ယာဉ်သည် ကျိုင်းတုံမြို့နယ်၊ နောင်ငင်းကျေးရွာအနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်တိုက်မိရာ ယဉ်ပေါ်ပါသူ ခုနစ်ဦးအနက် ခရီးသည်တစ်ဦး သေဆုံးပြီး ခရီးသည် လေးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ တိုင်းနေနာရေးကူညီမှုအသင်းတို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဇော်ဇော်အောင်အား ကျိုင်းတုံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)