ကျိုင်းတုံ ၂  ဒီဇင်ဘာ

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့်  အခြေခံပညာကျောင်းနေလူငယ်လူရွယ်များ ကျန်းမာ ကြံ့ခိုင ပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများတွင် အာဟာရနို့ တိုက်ကျွေးရေး အစီအစဉ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ကျိုင်းတုံမြို့၊ နောင်ကုန်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားကို ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး၊ ပြည်နယ်ပညာရေးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်များနှင့် နို့သောက်သုံးခြင်း၏ အကျိုးရလဒ်များအား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် “ကျန်းမာဖွံ့ဖြိုးဉာဏ်ရည်တိုး” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရကျောင်းသား/ ကျောင်းသူများအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး နောင်ကုန်အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ များအား အာဟာရနို့နှင့် ကြက်ဉများ တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

 

ရဲထက်ဦး(ပြန်/ဆက်)