ကျိုင်းတုံ ၇ အောက်တိုဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပန့်ကွဲတောင် ဗုဒ္ဓဉယျာဉ်၌ တည်ထားကိုးကွယ်သည့် အဘယရာဇ မုနိရုပ်ပွားတော်မြတ်ကြီးအား မြန်မာ့ရိုးရာအစဉ်လာအရ မြန်မာသက္ကရာဇ်-၁၃၈၁ခုနှစ် သီတင်းကျွတ်လပြည့် (အဖိတ်နေ့) အောက်တိုဘာ ၁၂ ရက်ညတွင် ဆီမီးတစ်သောင်း ကပ်လှူပူဇော်ပွဲကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆီမီးတစ်သောင်းကပ်လှူပူဇော်ပွဲအား ကျိုင်းတsုံမြို့အတွင်းရှိဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ လူထုများနှင့် ဗုဒ္ဓဘာသာဝင်အလှူရှင်အပေါင်းတို့က စုပေါင်းပူဇော်ကြမည်ဖြစ်ပြီး တေးသီချင်း သီဆိုပြိုင်ပွဲများကိုလည်းထည့်သွင်းကာ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွားမည်ဖြစ်သည်။ ထို့ပြင် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ တာဝန်ရှိသူများက ပွဲတော်ကျင်းပရာနေရာတွင် (ဘီ)ပိုးရောဂါ ကာကွယ်ဆေးထိုး ပေးခြင်းနှင့် ကုသပေးခြင်းများကို (အခမဲ့) ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းသိရသည်။
ရဲထက်ဦး(ပြန်/ဆက်)


