ကျိုင်းတုံမြို့၏ (၆၀၈)ကြိမ်မြောက် ရိုးရာမဟာသင်္ကြန် မင်္ဂလာစည်တော်တင်အခမ်းအနား ကျင်းပ

ကျိုင်းတုံ ၁၃ ဧပြီ

 

၂၀၁၉ ခုနှစ်ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံမြို့၏ (၆၀၈)ကြိမ်မြောက် ရိုးရာမဟာ သင်္ကြန်မင်္ဂလာ စည်တော်တင်အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စည်ကားစွာကျင်းပခဲ့သည်။

 

mdn

 

ရှေးဦးစွာ အခမ်းအနားကို ဂုံရှမ်းယဉ်ကျေးမှုအဖွဲ့မှ နှစ်သစ်မင်္ဂလာတေးသီချင်းဖြင့် သီဆို၍ဖွင့်လှစ်သည်။ ထို့နောက် ပွဲဖြစ်မြောက်အောင်မြင်ရေးအတွက် အလှူငွေများကို ပေးအပ်ရာ ပွဲဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးဟောင်ခမ်းနွမ်က လက်ခံရရှိပြီး အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်သည်။

 

mdn

 

ယင်းနောက်နန္ဒဘေရီ မင်္ဂလာစည်တော်နှင့် စပ်လျဉ်း၍ရိုးရာဓလေ့ အမေးအဖြေပြုလုပ်ကာနန္ဒဘေရီ မင်္ဂလာစည်တော်အားစင်ပေါ်သို့တင်မြောက်သည်။ ဆက်လက်၍ နန္ဒဘေရီ မင်္ဂလာစည်တော်အား မြို့နယ်ပန်း တကာ၊ ရှမ်းပြည်နယ်အစိုးရလွှတ်တော် ဥက္ကဋ္ဌ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ကျိုင်းတုံခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ပွဲဖြစ်မြောက်ရေးဥက္ကဋ္ဌတို့က နန္ဒဘေရီ မင်္ဂလာစည်တော်အား(၇)ချက်စီ တီး၍ ဆုမွန်ကောင်း တောင်းခြင်း၊ ကင်မွန်းရည်၊ အမွှေးနံ့သာရည်များပက်ဖျန်းကြသည်။

 

mdn

 

ယင်းနောက် နန္ဒဘေရီ မင်္ဂလာစည်တော်အား တီးခတ်မည့် လွယ်တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်ထံသို့ အပ်နှင်း၍ အသံမစဲတီးခတ်ကြကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။

 

MDN