ကျိုင်းတုံ   ဖေဖော်ဝါရီ   ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁ ရက်က ကျင်းပခဲ့သည်။ 

ရှေးဦးစွာ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်က အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ပြိုင်ပွဲကျင်းပရေး ကော်မတီထံ အားကစား ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။ ထို့နောက် ပြိုင်ပွဲဝင် ကစားသမားများက အားကစား သစ္စာ အဓိဋ္ဌာန် ၄ ချက် ရွတ်ဆိုကြပြီး တြိဂံဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်များအား လိုက်လံနှုတ်ဆက်သည်။

ယင်းနောက် အဖွင့်ပွဲစဉ်အဖြစ် Golden Triangle အသင်းနှင့် လက်ဖက် F.C အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ  လက်ဖက် F.C အသင်းက  လေးဂိုး၊ သုံးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁ ရက်မှ ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ကျိုင်းတုံမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများမှ ဘောလုံးအသင်း ရှစ်သင်း ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)