ကျိုင်းတုံ   ၁၂   မေ

 

ရှမ်းပြည်နည်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း မဖြစ်မနေ အပြင်ထွက်သွားလာရသူများအား နှာခေါင်းစည်းများတပ်ဆင်ရန် အသိပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီက လူစည်ကားရာနေရာများတွင် ဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနဝန်ထမ်းများ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူငယ်ပရဟိတအဖွဲ့များက ကိုဗစ်-၁၉ ကာလအတွင်း မဖြစ်မနေ အပြင်ထွက်သွားလာရသည့် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဝေငှပေးပြီး နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ရန် အသိပညာပေးပြောကြားခြင်းကို လူစည်ကားရာ မြို့လယ်ကျောက်တိုင်၊ ပါလျံမြို့ရိုးတံခါး၊ မြို့မဈေး၊  ယန်းခမ်းဈေး၊ ကားကြီးကွင်းနှင့် နောင်နွန်းဂိတ်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)