ကျိုင်းတုံ ၁၈ ဧပြီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ပြည်သူ့ဆေးရုံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအတွက် အသုံးပြုရန် ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပွဲကို ယမန်နေ့က ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။
လှူဒါန်းပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံ ၂၂၀ဝ၊ Surgical Mask ၇၂၀ဝ၊ N95 ၁၀ဝ၀၊ အကာအကွယ်မျက်မှန် ၁၄၀ ခု၊ ရာဘာလက်အိတ် ၂၇၀ တို့ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က လက်ခံရယူသည်။
ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များ ပံ့ပိုးဆောင်ရွက် ပေးသွားဖြစ်ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)