ကျိုင်းတုံ၊ ၁၅ ဒီဇင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍  မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ လက်ထောက်ကျန်းမာရေးဦးစီးမှူး ဒေါ်အေးအေးသွယ်က ကျိုင်းတုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်  လက်တွေ့ဆောင်ရွက်နေမှု အခြေအနေများ၊ ထိုသို့ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့်  ပြည်သူများအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း၊ Face Shield များကို မိမိအကျိုး၊ အများပြည်သူအကျိုးအတွက်  မဖြစ်မနေ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ညွှန်ကြားချက်များကို ပူး‌ပေါင်းလိုက်နာဆောင်ရွက်ပေးခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်။

အဆိုပါ   ဆွေးနွေးပွဲ အစီအစဉ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ IPRD KyaingTong  Facebook Page တွင် ထုတ်လွှင့်တင်ဆက်ပေးခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)