ကျိုင်းတုံ၊  ၁၅    ဒီဇင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှခေါင်းစည်း(Mask)များ မဖြစ်မနေ တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၈ နာရီက ကျိုင်းတုံ မြို့မဈေးရှေ့ နာရီစင်၌ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ဝင်းနှင့် ဝန်ထမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီအဖွဲ့ဝင် များ၊ စည်ပင်သာယာရေး ဝန်ထမ်းများနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက လမ်းမပေါ်တွင် ဖြတ်သန်း သွားလာကြသည့် ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး နေအိမ် အပြင်သို့ ထွက်ခွာပါက နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်အသုံးပြုကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင်  ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ ကျောင်းသား ကျောင်းသူများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာရာတွင် မပေါ့ဆစေရေး အသိပညာပေးသီချင်းများဖြင့် ကပြနှိုးဆော်ခဲ့ကြကြောင်း  သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)